ကျိုက်ထို မတ် ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်ထိုခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ သွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါသွေးလှူဒါန်းရာတွင် ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ ဝန်ထမ်းများမှ သွေးဖောက်လှူဒါန်းကြရာ ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသောဝန်ထမ်း (၁) ဦးချင်းတို့အား ဖီးကြမ်းငှက်ပျောသီး (၁) ဖီး၊ ကြက်ဥ (၁၅) လုံး၊ ကွေကာအုပ် (၁၀) ထုပ်နှင့် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)