မုံရွာ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ၁၃၈၇ ခုနှစ် ၊ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့ ကန်သာယာအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် လမ်းလျောက် သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးးရအဖွဲ့ထံမှ သိရသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ကြီး တစ်ခု အပါအဝင် ဝန်ကြီးဌာနအလိုက် ရေကစားမဏ္ဍပ် (၄)ခုပါရှိကာ နိုင်ငံကျော် အဆိုတော်များဖြင့် နေ့စဉ်သီဆိုဖျော်ဖြေပေးမည်ဖြစ်ကြောင်းနှင့် စတုဒီသာမဏ္ဍပ်များတွင်လည်း ထမင်းဟင်းလျာများ၊ အချိုရည်များ၊ မုန့်များဖြင့် သင်္ကြန်ပွဲတော်သို့ လာရောက်ကြသူများအား ကျွေးမွေးဧည့်ခံခြင်းတို့ကို တာဝန်ရှိသူများက ပြည်သူများ စိတ်လွတ်လပ်ပေါ့ပါးစွာ ပါဝင်ဆင်နွှဲနိုင်ရေး အထူးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားရှိပြီးဖြစ်ကာ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ ဆောက်လုပ်နေပြီဖြစ်ပြီးပွဲတော်သို့ မည်သူမဆို အေးချမ်းပျော်ရွှင်လွတ်လပ်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)