ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံ

ကျွန်းလှ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းမွန်စေရန် ကာကွယ်ဆေးများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကိုယ်ဝန်ဆောင်မိခင်များအား ကျွန်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက ဆုံဆို့နှင့်မေးခိုင်ရောဂါကာကွယ် ဆေးများကို စနစ်တကျထိုးနှံပေးကြသည်။

ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မျိုးဝင်းညို ကျွန်းလှ