ကန့်ဘလူ ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်ပြုလုပ်ပေးလျက်ရှိရာ ဧပြီ ၂၆ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဦးဝင်းရွှေ၏နေအိမ်၌ ရပ်ကွက်အတွင်းရှိအသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား၊ ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်သေးသူများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ရက် ၁၀၀ စီမံချက်ဖြင့် ရက်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဧပြီ ၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ အသက် ၁၀ နှစ်ပြည့်ပြီးသူ အမျိုးသား ၅၁၆ ဦး၊ အမျိုးသမီး ၅၆၆ ဦးနှင့်အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၀၈၀ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ဆက်လက်ပြီး ကျန်ရပ်ကွက်များနှင့်ကျေးရွာများတွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးလေးဆွေက ပြောပြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)