ကလေးဝ ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်ရှိ အသက် ၁၀ နှစ်ပြည့်ပြီးသူများအား လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ၊ ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူစစ်ဆေးပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်