ဟုမ္မလင်း ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် ဖလက်ကုန်တင် မော်တော်ရေယာဥ်ပေါက်ကွဲ၍ မီးလောင်ကျွမ်းခဲ့သည့်ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ထပ်မံဆွဲယူဆိုက်ကပ်ခဲ့ခြင်းကို ယမန်နေ့ည (၅) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟုမ္မလင်းမြို့တွင် ဧပြီလ ၂၀ ရက်နေ့ ညနေ (၆) နာရီခွဲခန့်က ဟုမ္မလင်းရပ်ကွက် မြို့မဘုန်းကြီးကျောင်း ဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် ဖလက်ကုန်တင်မော်တော်ရေယာဥ် ပေါက်ကွဲ၍ မော်တော်ယာဉ် (၁၀) စီးခန့်မီးကူးစက်လောင်ကျွမ်းခဲ့ရာ ကုန်တင်ရေယာဉ်များအနက် မီးငြှိမ်းသတ်ပြီးသည့် မင်းဟိန်းကျော် ကုန်တင်ရေယာဉ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသိန်းလင်းထွန်း၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှအဖွဲ့ဝင်များ၊ မြို့နယ်မီးတပ်သတ်ဖွဲ့ဝင်များ၊ မြို့နယ်ရစကမှအဖွဲ့ဝင်များနှင့် (ဟုမ္မလင်း၊ နောင်ပကျစ်) ရပ်ကွက်မှအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့မှပူးပေါင်း၍ရေယာဉ်များဖြင့် ဟုမ္မလင်းမြို့၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းသို့ ထပ်မံဆွဲယူဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)