မင်းကင်း ဧပြီ ၂၆
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြို့နယ်များ၌ ၁-၄-၂၀၂၆ ရက်နေ့၏ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစတင်တီဂရိတ်အထိ အပူချိန်လွန်ကဲလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့တွင် နေထိုင်ကြသည့် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများကို ကန်တော်ပရိယတ္တိစာသင်တိုက်နှင့် မဟာမင်းကျောင်းတိုက်တို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းဖွင့်လှစ်သည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဇေယျာစည်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီလ ၂၄ ရက် နံနက် ၈နာရီအချိန်တွင် အပူရှောင်စခန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် Heat Stroke လူနာများအတွက် ဆေးကုသရန် ဆေးကုသ ခန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ အပူရှောင်စခန်းကို နေ့စဉ် နံနက် ၁၁ နာရီမှ ညနေ ၄နာရီအထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)