တမူး ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း နေထိုင်ကြသည့် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်၌ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းဖွင့်လှစ်ထားရှိသည့်နေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အပူရှောင်စခန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် Heat Stroke လူနာများအတွက် ဆေးကုသရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။
တမူးမြို့နယ်တွင် အသက် ( ၈၀ )နှစ်နှင့်အထက် သက်ကြီးရွယ်အို ကျား (၅၄)ဦး ၊ မ (၇၅) ဦး စုစုပေါင်း (၁၂၉) ဦးရှိပြီး အပူဒဏ်ရှောင်သည့် သက်ကြီးရွယ်အိုများအား သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
ရတနာ