ကျွန်းလှမြို့နယ်တွင် နွေရာသီကာလ သံပုရာသီး ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ

ကျွန်းလှ ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်‌တွင် နေအိမ်ခြံဝင်းများအတွင်း မြေအောက်ရေတင်ပြီး နှစ်ရှည်ပင်သီးနှံစုံစိုက်ပျိုးကြရာ နွေရာသီကာလ သံပုရာသီး ဈေးကောင်း ရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 “ကျွန်တော်နေအိမ်ခြံဝင်းထဲမှာ နှစ်ရှည်ပင်သီးနှံဖြစ်တဲ့ သံပုရာပင် (ဗမာမျိုး) စိုက်ပျိုးထား ပါတယ်။ သံပုရာပင်မှာ နွေရာသီနဲ့ မိုးရာသီနှစ်ကြိမ်သီးပါတယ်။ ရေကြိုက်တာကြောင့် နွေရာသီမှာ ရေများများလောင်းပေးရပါတယ်။ သံပုရာသီးက ဆေးဖက်ဝင်ပြီး လူကြိုက်များတဲ့ အတွက် မိုးရာသီမှာတစ်လုံးကို ငွေကျပ် ၁၀၀ ရောင်းရသော်လည်း နွေရာသီမှာ တစ်လုံးကို သေးရင် ငွေကျပ် ၅၀၀နဲ့ ကြီးရင် ငွေကျပ် ၁၀၀၀ ထိ ရောင်းရပါတယ်”ဟု သံပုရာပင် စိုက်ပျိုးသူတစ်ဦးက ပြောသည်။

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး နွေ၊ မိုး၊ ဆောင်းချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး စပါးအပြင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အခြားသီးနှံများနှင့် နှစ်ရှည်ပင်သီးနှံများ စိုက်မျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ