ဟုမ္မလင်းမြို့တွင် ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သော အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဥ် (၁၀) သင်တန်းစခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟုမ္မလင်း ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သော အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဥ် (၁၀)သင်တန်းစခန်း ဖွင့်ပွဲကို ဧပြီလ ၂၇ ရက်နေ့နံနက် ၉ နာရီအချိန်က ဟုမ္မလင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းသား ထောက်ပံ့ပစ္စည်းများအား ပေးအပ်ရာ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဥ် (၁၀) ဟုမ္မလင်းသင်တန်းစခန်းမှ သင်တန်းတာဝန်ခံ အရာရှိဗိုလ်မှူးအောင်သန်းဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဥ်(၁၀) ဟုမ္မလင်းသင်တန်းစခန်းသို့ တက်ရောက်ကြမည့်လူငယ်များအား ဟုမ္မလင်း လေတပ်စခန်းဌာနချုပ် တပ်နယ်မှူးနှင့် တာဝန်ရှိသူများက တွေ့ဆုံနှုတ်ဆက်ကာ သင်တန်းနှင့်ပတ်သက်၍ ခင်းကျင်းပြသထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သော အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဥ်(၁၀) ဟုမ္မလင်းသင်တန်းစခန်းဖွင့်ပွဲ အခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်းနှင့် စစ်ဘက်/ ရဲဘက်အရာရှိ အရာရှိကြီးများ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟုမ္မလင်းမြို့မိ မြို့ဖများနှင့် သင်တန်းသား (၂၅) ဦး၊ သင်တန်းသူ (၂၅) ဦး စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းကို နှစ်ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)