တမူး ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က ဗိုလ်ချုပ်လမ်းရှိ လွတ်လပ်ရေးပန်းခြံရှေ့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (၁၅၀၀) စောင်တို့အား လမ်းသွားလမ်းလာ ပြည်သူများအားဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အပူဒဏ်ကာကွယ်နိုင်ရေးရှောင်ကြဥ်ရန်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများ ခံစားရပါက လိုက်နာဆောင်ရွက်ရမည့်အချက်များစသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
ရတနာ