ဘောလခဲ ဇန်နဝါရီ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ နံနက်(၉)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကား ပြောကြားရာတွင် ဘောလခဲခရိုင် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော လမ်း၊တံတား၊ လူမှုစီးပွား အဆောက်အအုံများ ဖွံဖြိုးတိုးတက်လာမှသာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းများကို နိုင်ငံတော်၏ အကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံဖြိုးတိုးတက်မှု စီမံကိန်းမဟာဗျူနှင့်ကိုက်ညီဖို့ လိုမှာဖြစ်ကြောင်း၊ ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဒေသလိုအပ်ချက်နှင့်အညီ ပြည့်စုံစွာ မိမိဌာနအထက်အဆင့်သို့ တင်ပြပြီး သက်ဆိုင်ရာစီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် အချိန်နှင့်တစ်ပြေးညီ ပေးပို့ရန် လိုအပ်မှာဖြစ်ကြောင်း၊ ဌာနအနေဖြင့် လုပ်ငန်းများ မကျန်ရှိစေရေးနှင့်မထပ်စေရေး အထူးဂဂုစိုက်ပြီး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စီမံကိန်းကော်မတီ အနေဖြင့်လည်း ကွင်းဆင်းစစ်ဆေး ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကိုပြောကြားခဲ့သည်။
ဆက်လက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်တို့က ဒေသဖွံဖြိုးရေးလုပ်ငန်းနှင့် စပ်လျဥ်း၍ အကြံပြုဆွေးနွေးပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးသောင်းမြင့်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(အောက်တိုဘာလမှစက်တင်ဘာလ)အတွက် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများ ရှင်းလင်း တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေနှင့်ပြည်နယ်လွှတ်တော်ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည့် လုပ်ငန်း များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ဖိုးရယ်