နေပြည်တော် မေ ၈
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးမြောက်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ လယ်ဝေးခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ လယ်ဝေးခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးအေးကျော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများ တက်ရောက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားပြီးနောက် နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးခင်မောင်လတ်နှင့် လယ်ဝေးခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဌ ဦးဇင်မင်းကိုတို့မှ လယ်ဝေးခရိုင်အတွင်း ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)