ဟုမ္မလင်း မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေဌားဂရန် ထုတ်ပေးရေးလုပ်ငန်းနှင့် စပ်လျဥ်း၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံချပြရှင်းလင်းပွဲအခမ်းအနားကို မေ ၆ ရက်နေ့နံနက်ပိုင်းက တာပတောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟုမ္မလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ကျေးရွာမြေဌားဂရန်ထုတ်ပေးရေးလုပ်ငန်းစဥ်နှင့် ပတ်သက်၍ ချပြရှင်းလင်းခဲ့ကာ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးက ကျေးရွာမြေဌားဂရန်ထုတ်ပေးရေးလုပ်ငန်းစဥ်နှင့် ပတ်သက်၍ ထပ်ဆင့်ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိရှိလိုသည်များအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဒေသခံပြည်သူများစုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)