ကလေး မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ မီးသတ်ဦးစီးဌာနရုံးတွင် နှစ်(၈၀)ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေ ၅ ရက်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့မိန့်ခွန်းကို ဖတ်ကြားခဲ့ပြီး စစ်ရေးပြအကောင်းဆုံးဆု၊ ယူနီဖောင်းဝတ်စားဆင်ယင်မှုအကောင်းဆုံးဆု၊ ကြံ့ခိုင်မှုအကောင်းဆုံးဆု၊ မီးသတ်ပညာပြိုင်ပွဲဆုနှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ခင်းကျင်းပြသထားရှိသည့် ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါအခမ်းအနားသို ကလေးခရိုင်၊ မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)