မော်လမြိုင် မေ ၉
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခ ကောက်ခံရငွေ အပြည့်အဝရရှိစေရေးနှင့်ဓာတ်အားပျောက်ဆုံးမှု (Losses) ရာခိုင်နှုန်းလျော့နည်းစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မျိုးထက်ဇော် ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ နေအိမ်များအား မီတာများရှောင်တခင်စစ်ဆေးခြင်း မီတာများတွင် မမှန်မကန်ပြုပြင်ထားခြင်း၊ မီတာခိုးယူ ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ဓာတ်အားခကောက်ခံမှု ဓာတ်အားသုံးစွဲသူများအနေဖြင့် သတ်မှတ်ရက်အတွင်း လျှပ်စစ်မီတာခများကို အပြည့်အဝပေးဆောင်ရန်အသိပေးခြင်း၊ Losses လျော့နည်းရေးဓာတ်အားခိုးယူမှုများ၊ မီတာပျက်စီးမှုများနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်နှင့်ဝါယာကြိုးများကိုစစ်ဆေးခြင်းများ၊ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်