မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ သထုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

သထုံ     မေ      ၉

မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သထုံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်က အဆိုပါကျေးရွာရှိ ကဿဖတိုက်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးကြသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် တာဝန်ရှိသူများလာရောက်ကြည့်ရူကြရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သထုံခရိုင်ဦးစီးမှူး ဦးမောင်မောင်မြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ စနစ်တကျပြုလုပ်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်သူများလွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်ရေး လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့အရောက် ဧပြီ ၂၀ ရက်မှစတင်ကာ နေ့စဉ်လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်