သံဖြူဇရပ်မြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေးအသိ ပညာပေးဟောပြောခြင်း ဆောင်ရွက်

သံဖြူဇရပ် မေ ၁၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန  သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ရက်မွန်းလွဲပိုင်းက ကြံ့ခိုင်ရေးရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်က ကြီးကြပ်၍ ဒု-ရဲမှူးမင်းနောင်၊ ဒုရဲအုပ်ဝေယျာစိုး၊ ဒုရဲအုပ်မွန်မွန်ကျော်တို့က ကြံ့ခိုင်ရေးရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်နေပြည်သူများအား မှုခင်းကြိုတင်ကွယ်ရေးအတွက် မှုခင်းကျဆင်းရေးဆိုင်ရာ သက်ငယ်မုဒိန်းဖြစ်စဥ်ဖြစ်ရပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ ယာဥ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောပြီး၊  ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်၍ အိမ်တိုင်ရာရောက် အသိပညာပေးဟောပြောခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)