ရွှေဘိုမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရွှေဘို မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်များပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ(၂၉)ရက်နေ့က ပုခန်းကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ရဟန်းရှင်လူပြည်သူများအား ကျန်းမာ ရေးဆောင်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရွှေဘိုမြို့နယ်ရှိ ဆရာတော်သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ပြည်သူများအား ဖျားနာရောဂါ၊ခွဲစိတ်၊ ကလေးရောဂါ၊ သားဖွားမီးယပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)