ခန္တီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ခန္တီး ဇွန် ၁

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့မှစ၍ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်းသိရသည်။

ခန္တီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ အခြေခံပညာကျောင်း(၉၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၆)ကျောင်း စုစုပေါင်း(၉၇)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မူလတန်း(၃၃၄၆)ဦး၊ အလယ်တန်း(၁၆၆၆)ဦး၊ အထက်တန်း(၄၄၃)ဦး စုစုပေါင်း ကျောင်းသား/သူ(၅၄၅၅)‌ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှသိရသည်။

ကမ်းကီး(ပြန်/ဆက်)