မုံရွာ ဇွန် ၂
၂၀၂၆-၂၀၂၇ပ ညာသင်နှစ်အတွက် ၂၀၂၆-ခုနှစ် မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နိုင်ငံတော်အစိုးရဝန်ကြီးဌာနက ကြေညာထားရှိပြီး ဖြစ်ရာမုံရွာမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်း ပေါင်း(၁၀၁)ကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူများ အားကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထုတ်ပေးလျက်ရှိပြီး မုံရွာမြို့နယ်တွင် ၂၀၂၆၂၀၂၇ ပညာသင်နှစ်၌ အထက်တန်းကျောင်း(၁၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၀)ကျောင်း၊ မူလတန်း(လွန်) ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၅၀)ကျောင်း စုစုပေါင်းကျောင်း(၁၀၁)ကျောင်းအပြင် ကိုယ်ပိုင်ကျောင်း(၁၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်လက်ခံပေးလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)