ရေးမြို့နယ်၌ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရေး ဇွန် ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝအချက်အလက်များ ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်မျိုးအောင်ရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများက “လမင်းစီမံချက်” ဖြင့် အသက် (၁၀ - ၁၈) နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေးရာ ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များသည် လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ (ပြန်/ဆက်)