ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် ပညာသင်နှစ်အလိုက် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ သင်တန်းများစတင်ဖွင့်လှစ်

သထုံ ဇွန် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာဘွဲ့ သင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းများ ဖွင့်လှစ်ရာတွင် ဦးစွာ ကျောင်းသား ကျောင်းသူများက online စနစ်ဖြင့် ကျောင်းအပ်နှံခြင်း ကျောင်းလခပေးသွင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး ကွန်ပျူတာတက္ကသိုလ် (သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့အတွက် (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ်၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် သင်တန်းများနှင့် (၂၀၂၆ - ၂၀၂၇) ပညာသင်နှစ်အတွက် ပဉ္စမနှစ်သင်တန်းများကို ယနေ့စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၆၇၂) ဦးတို့ အေးချမ်းစွာ တက်ရောက်လျက်ရှိပြီး ဆရာ ဆရာမ (၃၅) ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)