ကျိုက်ထို ဇွန် ၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် မြို့မ (ယာယီ) ပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၄၀၀၀၀) ကို ပျိုးထောင်ထားကြောင်း သိရသည်။
ယင်းသို့ ပျိုးထောင်ထားခြင်းမှာ သစ်တောဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် (လူသားအားလုံး ကျန်းမာဖို့ သစ်တောများကို ထိန်းသိမ်းစို့) ဆောင်ပုဒ်နှင့်အညီ မိုးရာသီတွင် တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၊ စိုက်ပျိုးပွဲတော်နှင့် လမ်းဘေးဝဲ၊ ယာစိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားခြင်းဖြစ်သည်။
ထိုသို့ ပျိုးထောင်ထားသည့် ပျိုးပင်များမှာ မန်ဂျန်ရှား (၂၅၀၀၀) ၊ ကျွန်း (၃၀၀၀) ၊ မဟော်ဂနီ (၃၀၀၀) ၊ ပျဉ်းကတိုး (၁၀၀၀) ၊ သင်္ကန်း (၂၀၀၀) ၊ ပျဉ်းမ (၄၀၀၀) ၊ စိန်ပန်း (၁၀၀၀) ၊ ခရေ (၅၀၀) ကံ့ကော် (၅၀၀) စုစုပေါင်းပျိုးပင် (၄၀၀၀၀) ကို ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် အဆိုပါပျိုးထောင်ထားသည့် ပျိုးပင်များအား နှစ်စဉ် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ သစ်ပင်စိုက်ပျိုး ပွဲတော်များတွင် စိုက်ပျိုးလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများမှ လိုအပ်သည့် ပြည်သူများကိုလည်း အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)