ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ကျွန်းလှ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်မိုးဆန်း ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်အားဆုံစို့၊ မေခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကိုလည်းကောင်း၊ အသက်နှစ်နှစ်အောက် ကလေးများအား အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှမ်ချက်နှင့်အညီဆောင်ရွက်ပေးကြသည်။

ထို့အပြင် သက်ကြီးဘိုးဘွားများကျန်းမာစောင့်ရှောက်မှုပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်‌ပေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ