သထုံ ဇွန် ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအား ယနေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြသည်။
လိုက်လံကြည့်ရှုရာတွင် သထုံခရိုင်စီခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်ပညာရေးမှူး ဦးခဲမိုင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် တာဝန်ရှိသူတို့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးနေမှု၊ သထုံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု၊ ကျောင်းအသီးသီးတို့၏ စာသင်ခန်းများ၊ ကျောင်းဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့ကို လိုက်လံကြည့်ရှုကာ လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ အခြေခံပညာကျောင်းပေါင်း (၁၈၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၆)ကျောင်း ကိုယ်ပိုင်ကျောင်း (၁)ကျောင်းတို့ ဖွင့်လှစ်မည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့အထိ ကျောင်းသားကျောင်းသူစုစုပေါင်း ၃၆၇၁၇ ဦး လာရောက်ကျောင်းအပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်