ရေးမြို့နယ်၌ တရားမဝင် သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့် ထင်းအစားထိုး စွမ်းအားမြှင့် မီးဖိုများ တိုးချဲ့သုံးစွဲရေး အသိပညာပေးဟောပြော

ရေး ဇွန် ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် ထင်းအစားထိုးစွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇီးဖြူသောင်ကျေးရွာရတနာအောင်မြေကျောင်းတိုက်ဓမ္မာရုံ၌ ဆောင်ရွက်သည်။

ဟောပြောပွဲတွင် ရေးမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးရွှေနိုင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် သစ်တော၊ သစ်ပင်များ၏ ဂေဟစနစ်ပျက်စီးပြုန်းတီးမှု မဖြစ်ပေါ်စေရန် ကာကွယ်ထိန်းသိမ်းရမည့် အချက်များ၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့် ထင်းအစားထိုးစွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေးတို့ကို ခေါင်းစဉ်အလိုက် ဟောပြောပေးပြီး ကျေးရွာပြည်သူများက သိရှိလိုသည့် အချက်များ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ