ဘီးလင်း ဇွန် ၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၅) နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်တုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘီးလင်းမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၅) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို အသင်း ၅ သင်းက ပတ်လည်စနစ်ဖြင့် ယှဥ်ပြိုင်ကစားခဲ့ကြပြီး အမှတ် အများဆုံး နှစ်သင်းဖြစ်သော သိမ်ဇရပ်ဘောလုံးအသင်း နှင့်သုဝဏ္ဏဝတီ ဘောလုံးအသင်းတို့က ဗိုလ်လုပွဲကို ယှဥ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် သုဝဏ္ဏဝတီ ဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဂိုးသမားဆု၊ ရှေ့တန်း၊အလယ်တန်း၊ နောက်တန်းနှင့်ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများ ၊အသင်းလိုက် ပထမဆု ၊ဒုတိယဆု ၊တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသော အသင်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစည်သူအောင်၊ စီမံအဖွဲ့ဝင် ဦးအောင်ချိုဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)