ဘီးလင်း ဇွန် ၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားအသက် (၁၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘီးလင်းမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း ၅ သင်းက ပတ်လည်စနစ်ဖြင့် ယှဥ်ပြိုင်ကစားခဲ့ကြပြီး အမှတ်အများဆုံး နှစ်သင်းဖြစ်သော သိမ်ဇရပ်ဘောလုံးအသင်းနှင့် သုဝဏ္ဏဝတီဘောလုံးအသင်းတို့က ဗိုလ်လုပွဲကို ယှဥ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် သုဝဏ္ဏဝတီဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဂိုးသမားဆု၊ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ပွဲစဥ်တစ်လျှောက်အကောင်းဆုံး ဆုရရှိသူများ၊ အသင်းလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသော အသင်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်၊ စီမံအဖွဲ့ဝင် ဦးအောင်ချိုဦးနှင့် တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)