ကျိုက်ထို ဇွန် ၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် QR Code စနစ်ဖြင့် စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီတို့မှ စက်သုံးဆီအရောင်းဆိုင်များအလိုက် QR Code စနစ်ဖြင့် စက်သုံးဆီများရောင်းချနေခြင်း ရှိ/မရှိ၊ တရားဝင်လိုင်စင်ရှိသော ယာဉ်များအား Wheel Tax ပြသည့်စနစ်ဖြင့် ဆီရောင်းချခြင်း ရှိ/မရှိ၊ စုံ/မ ရက်အလိုက်ဆီရောင်းချပေးခြင်း ရှိ/မရှိ၊ ပုံး၊ ပေပါများဖြင့် ရောင်းချပေးခြင်း ရှိ/မရှိနှင့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ် သတ်မှတ်အချိန်အတိုင်း ဆီရောင်းချပေးခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)