သထုံ ဇွန် ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့မွန်းလွဲပိုင်းက သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်ဦးက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများက ကျန်းမာရေးအဆင့်မြှင့်ကျောင်း၏ လုပ်ငန်းစဉ်များနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် ၉ ရပ်တို့ကို အသေးစိတ် ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)