ဘောလခဲမြို့၊ ကမ်းနားလမ်းတွင် ရေနုတ်မြောင်းတူးဖော်ခြင်း စုပေါင်းဆောင်ရွက်

ဘောလခဲ  ဇွန် ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက် ကမ်းနားလမ်းတွင်  ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်ခဲ့သော သဲနုန်းများ တူးဖော်ခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ကမ်းနားလမ်းပေါ်ရှိ ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်နေသော သဲနုန်းများ တူးဖော်ခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်းကို ရက်(၁၀၀) စီမံချက် လုပ်ငန်းအနေဖြင့် စုပေါင်းရှင်းလင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဘောလခဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်မောင်မောင်ဦးနှင့်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ ပူးပေါင်း၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)