လေရှီး ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ညနေ (၁) နာရီအချိန်က ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ အတွေးအခေါ် မြင့်မားလာပြီး စကားပြောစွမ်းရည်များကြွယ်ဝလာစေရန်နှင့် စာအုပ်စာပေလေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစံကျော်ဦးက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာတည်းအဖွဲ့က ရေးသားထုတ်ဝေသည့် တိုင်းရင်းမြန်မာဆေးမြီးတိုများစာအုပ်ဖြင့် ဒေါ်ဟေမာထွန်း(ယာယီနေ့စား)က ဦးဆောင်ဆွေးနွေးရာ သွေးမှင်လေမှင် သက်သာပျောက်ကင်း ဆေး၊ ဆီးကြောတက်လျှင်၊ သွေးပေါင်ချိန်တက်လျှင်၊ သွားကိုက်သွားနာဆေးနည်း၊ ကြက်ညှာ ချောင်းဆိုး၊ ဝဲနှင်းခူအစိုဆေးနည်း၊ သွေးတိုးအတွက်ဆေးနည်း၊ ကင်းထိုးခဲ့သော်၊ ပန်းနာရင်ကျပ် အတွက်ဆေးနည်းစသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဝန်ထမ်းများက မိမိတို့အတွေးအထင်အမြင်များကို ပြန်လှန်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲများကို လေရှီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အပတ်စဉ်သောကြာနေ့တိုင်း ဆောင်ရွက်လျက်ရှိပြီး စာပေချစ်မြတ်န်ိုးသူ Book Club ၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းများလည်းပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)