လေရှီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားပြုလုပ်

လေရှီး ဇွန် ၁၇

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်တောဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်းပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က မြို့မရပ်ကွက်၊ စည်ပင်သာယာ ရေလောင်ကန်အနီးရှိကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/သူများက နေရာယူကြသည်။ ထို့နောက် ပျိုးပင်များဖြန့်ဝေပေးအပ်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဌေးအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မောင်မောင်လွင်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြည့်ဖြိုးအောင်အားလည်းကောင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သူသူဝင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညိုဝင်းအားလည်းကောင်း၊ မြို့နယ်သစ်တောတာဝန်ခံ ဦးမြင့်သိန်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးခိုင်ငြိမ်းချမ်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက ရတနာတန်းဝင် ကျွန်းပျိုးပင် အပင် (၂၀၀) အား စိုက်ပျိုးကြရာ ထိုသို့စိုက်ပျိုးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲတော် အပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးလျက်အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အဆိုပါမိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/သူများ စုစုပေါင်း အင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)