ကျိုက်မရောမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်မရော ဇွန် ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.ကခွဲ (ကျိုက်မရော) ကျောင်းခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးသန့်ဇင်က လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာကြီး၏အခြေအနေနှင့် သစ်ပင်များ၏အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံတွင်ထွက်ရှိသည့် သစ်အမျိုးအစားများ သစ်ပင်များ ဆက်လက်စိုက်ပျိုးထားရှိမှုနှင့် ပျိုးပင်များဖြန့်ဝေမှုအခြေအနေ သစ်ပင်သစ်တောများမှရရှိသော အကျိုးကျေးဇူးများ၊ သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)