ဟုမ္မလင်းမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်အတွင်းသို့ ဇွန်လ (၂၃) ရက်နေ့ နံနက် (၈) နာရီအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးသန်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ချင်းတွင်းမြစ်အတွင်းသို့ ထိုင်းငါးခုံမ သားပေါက်အကောင်ရေ (၁၄၅၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ (၄၀၀၀၀)၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ(၁၈၅၀၀၀)အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)