ကလေး ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အခြေခံ၊ မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထန်လမ်းဒိမ်က ဌာနအနေဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပေးနေမှုများ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချသွားမည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းသုံး ပစ္စည်းများပေးအပ်ခဲ့ပြီး အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ၂၂ ရက်နေ့အထိလည်းကောင်း၊ မွမ်းမံသင်တန်းကို ဩဂုတ်လ ၄ ရက်နေ့မှ ၁၈ နေသင့်အထိ သင်တန်းသူ (၁၂) ဦးကို စာတွေ့(၃၀%)လက်တွေ့(၇၀%) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)