မုံရွာမြို့ သူနာပြုသိပ္ပံကျောင်းခန်းမ၌ GENDER ၊ CEDAW ၊ NSPAW ၊ UNSCR 1325 အသိပညာပေးနှင့် လူမှုသဟဇာတ အသိပညာပေးသင်တန်းကျင်းပ

မုံရွာ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး မုံရွာမြို့ သူနာပြုသိပ္ပံကျောင်းတွင် GENDER ၊ CEDAW ၊ NSPAW ၊ UNSCR 1325 အသိပညာပေးနှင့်လူမှုသဟဇာတ အသိပညာပေးသင်တန်းကို ယနေ့မွန်းလွဲ   နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က GENDER ၊ CEDAW ၊ NSPAW ၊ UNSCR 1325 အသိပညာပေးနှင့် လူမှုသဟဇာတ အသိပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးက GENDER ၊ CEDAW ၊ NSPAW ၊ UNSCR 1325 အသိပညာပေးနှင့်လူမှုသဟဇာတဖြစ်ရေးတို့ကို အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းအသိပညာပေး ဟောပြောရာ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ နား‌ထောင်ခဲ့ကြပြီး သိလိုသည့် မေးမြန်းမှုများအား ပြန်လည်ဖြေးကြားပေးခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး သင်တန်းသို့ ကျေင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၂၃၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)