ဥတ္တရသီရိ ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာတိုးတက်ရေး၊ အခွန်ဆိုင်ရာယဥ်ကျေးမှုရှင်သန်ထွန်းကားလာစေရေးနှင့် အခွန်ဆိုင်ရာတာဝန်များကို လေးစားလိုက်နာမှုတိုးတက်စေရေးအတွက် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဇွန် ၂၃ ရက်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဥတ္တရသီရိခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုထွေးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သဥ္ဇာနွယ်က အခွန်ဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင် စုစုပေါင်း ၉၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)