ကသာခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ

ကသာ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်း များအား ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်းများကို သေချာစွာသိရှိနားလည်ပြီး စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍  ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ဩဂုတ်လ(၅)ရက်နေ့က ကသာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရ သည်။

အဆိုပါသင်တန်း စတင်ဖွင့်လှစ်ရာတွင် ကသာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်းက ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာရုံးလုပ်ငန်းများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်း စည်းကမ်းများကို သေချာစွာသိရှိနားလည်ပြီး စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ယင်းသင်တန်းတွင် ခရိုင်ရုံးမှ ဝန်ထမ်းနှစ်ဦး၊ ကသာ၊ အင်းတော်၊ ဗန်းမောက်နှင့် ထီးချိုင့်မြို့နယ်ရုံးများမှ ဝန်ထမ်းနှစ်ဦးစီဖြင့် စုစုပေါင်းဝန်ထမ်း(၁၀)ဦးတို့ တက်ရောက် ကြပြီး အဆိုပါဝန်ထမ်းများအား ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းပညာရပ်များကို ဩဂုတ်လ(၅)ရက်နေ့မှ စတင်၍ သင်တန်းကာလ(၁၀)ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)