မြင်းမူမြို့တွင် အခြေခံပညာစတုတ္ထတန်း(GRADE-4)သင်ရိုးသစ်သင်ကြားရေး အထောက်အကူပစ္စည်းများ စာသင်ကျောင်းအသီးသီးသို့ဖြန့်ဝေ

မြင်းမူ ဩဂုတ် ၆

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်းများသို့  ယခုနှစ်ကျောင်းဖွင့်ရာသီ စတုတ္ထတန်း(GRADE-4)အတန်းသို့ တက်ရောက် ပညာ သင်ကြားကြမည့် ကျောင်းသား/ သူများအတွက် သင်ထောက်ကူပစ္စည်းများကို ပြန်လည်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောင်းဖွင့်ရာသီတွင်   တက်ရောက်သင်ကြားကြမည့်    စတုတ္ထတန်း (GRADE-4) ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့ဘာသာရပ်(၇)မျိုးကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ ပါဝင်သည့်ဘာသာရပ်များအလိုက် သင်ထောက်ကူပစ္စည်းများကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊  ဘာသာရပ်များအနေဖြင့် သိပ္ပံဘာရပ်၊ ဘဝတွက်တာ ဘာသာရပ်၊ ဂီတဘာရပ်၊ အင်္ဂလိပ်ဘာသာရပ်၊ ကာယဘာသာရပ်၊  ပန်းချီ ဘာသာရပ်နှင့် သင်္ချာဘာသာရပ်များဖြစ်ကြောင်း မြင်းမူမြို့နယ် ပညာရေးမှုးရုံး ဒုတိယဦးစီးမှုး  ဦးမျိုးဝင်း ထံမှသိရသည်။

ဘာသာရပ်(၇)မျိုးသင်ကြားရေးအတွက် ဖြန့်ဝေပေးလျက်ရှိသော ပစ္စည်းများတွင် (၂၄)မျိုး ပါဝင်ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)