ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေကျပ် ၂၆ သိန်းကျော် ပေးအပ် လှူဒါန်း

ဘုတလင်   ဇန်နဝါရီ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အတွက် မြို့နယ် အတွင်းရှိ အလှူရှင်များက အလှူငွေကျပ် ၂၆ သိန်းကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် ညောင်ကန်ကျေးရွာ ပြည်သူများက အလှူငွေကျပ် ၁၀ သိန်း၊ ညောင်ကန်ကျေးရွာမှ အလှူရှင် ၁၃ ဦးက အလှူငွေကျပ် ၈ သိန်း၊ ၇ သောင်း၊ မြဝတီရပ်ကွက်မှ ဦးနီသန်း+ဒေါ်ခင်မကြီး မိသားစုက အလှူငွေကျပ် ၃ သိန်း၊ ဘုတလင်မြို့ ခရေပင်ဖောင်ဒေးရှင်းမှ အလှူငွေ ကျပ် ၅ သိန်း၊ စုစုပေါင်း အလှူငွေကျပ် ၂၆ သိန်း၊ ၇ သောင်းကို ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပေးအပ်လှူဒါန်းရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက လှူဒါန်းသည့် အလှူရှင် များကိုယ်စား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ ထည့်ဝင်လှူဒါန်းခဲ့ ကြောင်း  သိရသည်။

သီတာမိုး