ကျိုက်မ​ရောတွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်​ရေမြင့်တက်​လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိနေအိမ်များ​​သို့ ရေဝင်​​ရောက်

ကျိုက်မ​​ရော သြဂုတ် ၆

မွန်ပြည်နယ်၊ ကျိုက်မ​​ရောမြို့နယ်တွင် သြဂုတ်လ ၃ ရက်မှ ၆ ရက်​နေ့ထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှု​ကြောင့် အတ္တရံမြစ်​ရေတိုးလာသဖြင့် ကျိုက်မ​ရောမြို့​ပေါ်ရှိ ရှင်​စောပုရပ်ကွက် ထုံးဘိုပိုင်းရှိ​နေအိမ်များအတွင်းသို့ မြစ်​ရေများ စတင်​ဝင်​ရောက်လျက်ရှိ​ကြောင်း သိရသည်။ ယခုရက်ကလည်း မြစ်​ရေတက်ရက်​ ရေထရက်ဖြစ်​နေ၍​ ရေတိုးလာရခြင်း ဖြစ်​ကြောင်း ရပ်ကွက်​နေပြည်သူတစ်ဦးက​ ပြောသည်။

အဆိုပါ အနိမ့်ပိုင်းရပ်ကွက်များရှိ​ နေအိမ်များသည် နှစ်စဉ်ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသဖြင့် ယခုနှစ်အ​စောပိုင်းကစ၍ အိမ်များ အား အဆင့်မြှင့်တင်ခြင်း၊ ​ရေမြုပ်နိုင်မည့် ပစ္စည်းများအား ​ရေလွတ်ရာအမြင့်ပိုင်းရှိ​​ ဆွေမျိုးများ၏ အိမ်များသို့ ကြိုတင်​ပေးပို့ ထားကြ​ကြောင်း၊​ ရေ​ဘေးအန္တရာယ်ကို နှစ်စဉ်ကြုံ​တွေ့ရ​သဖြင့်​ ယခုနှစ်တွင်​ ​​ရေလွတ်ရာ​နေရာများသို့ ကြိုတင်​ပြောင်း​ရွှေ့ထား ကြပြီးဖြစ်​ကြောင်း ​ဒေသခံပြည်သူတစ်ဦးက ​ပြောသည်။

ချိုချို (ပြန်/ဆက်)