နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် အသိပညာပေးသင်တန်းဖွင့်လှစ်

လေရှီး ဩဂုတ် 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့်ပြည်သူတစ်ရပ်လုံး ရရှိခံစား သင့်သောအခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြုနားလည်လက်ခံသည့်ဖွဲ့စည်းပုံများနှင့် လုပ်ထုံး လုပ်နည်းများအကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်၍ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် အသိပညာပေးသင်တန်းကို ယနေ့ နံနက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ အသိပညာပေးသင်တန်းဖွင့်သည်။


ရှေးဦးစွာ လေရှီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးလှဆိုင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားကာ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်စံကျော်က ကလေးသူငယ်နှင့်သက်ဆိုင်သည့် ဉပဒေရေးရာများကို ရှင်းလင်းပြောကြားသည်။
 

အဆိုပါ သင်တန်းကို လေရှီးမြို့ပေါ်ရပ်ကွက်ရှိ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးကို လေရှီးမြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးနှင့်ရုံးဝန်ထမ်းများက ညနေ နာရီထိ အသိပညာပေးသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)