ဝက်လက်မြို့နယ်၌ မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်

ဝက်လက် သြဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ပတ်သက်သော သင်တန်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့မစခန်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းကို ဝက်လက်မြို့နယ် စိုက်ပျိုးရေဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်က အဖွင့်အမှာစကားကိုလည်းကောင်း၊ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြများဖြစ်ကြသော သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချိုက ပိုးသတ်ဆေးဥပဒေနှင့်ပတ်သက်သော ဥပဒေ များကို လည်းကောင်း၊ မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းက မျိုးစေ့ဥပဒေနှင့် ပတ်သက်သောကိစ္စရပ်များကိုလည်းကောင်း၊ မြေအသုံးချရေး တာဝန်ခံ ဒေါ်စီစီဝမ်းက မြေသြဇာ ဥပဒေနှင့် ပတ်သက်သော ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်း ပို့ချခဲ့ကြသည်။

သင်တန်းသို့ ဝက်လက်မြို့နယ်အတွင်းရှိ ပိုးသတ်ဆေး(၂၆)ဆိုင်၊ ဓာတ်မြေသြဇာအရောင်းဆိုင် (၅၀)ဆိုင်တို့မှ တာဝန်ရှိသူ(၇၆)ဦး တက်ရောက် ခဲ့ကြပြီးသိရှိလိုသည်များ မေးမြန်းရာသက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 အိမွန်ထွန်း(ဝက်လက်)