မြို့နယ်အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး နေ့စဉ် စစ်ဆေးဆောင်ရွက်

ဒီးမော့ဆို မတ် ၃၀

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၏ အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ် နှစ်ခုဖြစ်သော လွိုင်ကော်-တောင်ငူ လမ်းမပေါ်ရှိ ဒေါတဝီ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ဒီးမော့ဆို-မိုးဗြဲ လမ်းမပေါ်ရှိ ကပ္ပါယ်ခူ ပူးပေါင်း စစ်ဆေးရေး တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ တို့ ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသော ပြည်သူများအား  ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေးအတွက် ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်း၊ နေရပ်ပြန် ပြည်သူများရှိပါက စာရင်းကောက်ယူ၍ သက်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း နေရာများသို့ ပို့ဆောင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)