စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ပြတိုက်ငယ်(Mini Museum) တွင် ထားရှိပြသနိုင်ရန် တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် ရိုးရာ အသုံးဆောင်ပစ္စည်းများ လှူဒါန်း

တမူး သြဂုတ် ၇

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသော ပြတိုက်ငယ် (Mini Museum) တွင် ထားရှိပြသနိုင်ရန်အတွက် လူရှိုင်း တိုင်းရင်းသားရိုးရာ ဝတ်စုံများနှင့် ရိုးရာအသုံးဆောင် ပစ္စည်းများကို လူရှိုင်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပေးအပ်လှူဒါန်းရာတွင် တမူးခရိုင် လူရှိုင်းစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးလိုင်ကျုံးနုံ၊ မြို့နယ်ဥက္ကဋ္ဌ ဦးခေါလ်မှိန်းထန်းငါနှင့် အဖွဲ့ဝင် များက ရိုးရာဝတ်စုံများနှင့် ရိုးရာဓလေ့အသုံးအဆောင်ပစ္စည်း (၂၁)မျိုးတို့အား ပေးအပ်လှူဒါန်းခဲ့ရာ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးတွာလ်ဆွန်းဗန် က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦ:စီးဌာနရုံးတွင် ဖွင့်လှစ်ထားသော ပြတိုက်ငယ်(Mini Museum) တွင် ခရိုင်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်၊ တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပြသထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)