ဇေယျာသီရိ မေ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေကျပ်(၂၉၄)သိန်း ထုတ်ချေးပေးခြင်းအခမ်းအနား ကို မေလ ၃ ရက် နံနက်ပိုင်းက ရေဆင်း ကျေးရွာအုပ်စု၊ ကံသာအေးကျေးရွာ၌ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ကျေးရွာများတွင်တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာများအတွက် အမှန်တစ်ကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများမှကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကာ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးဇော်က ကံသာအေးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဖြင့်ချေးယူသူ(၁၂)ဦး၊ မွေးမြူရေးလုပ်ငန်းဖြင့်ချေးယူသူ(၅၂)ဦး၊ အရောင်းအဝယ်လုပ်ငန်းဖြင့်ချေးယူသူ(၄၃)ဦးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဖြင့်ချေးယူသူ(၂၁)ဦးစုစုပေါင်းချေးယူသူ (၁၂၈)ဦးအတွက် ချေးငွေကျပ်(၂၉၄)သိန်းအား လည်ပတ်ရန်ပုံငွေများထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)