သထုံ မေ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး (ပန်းခင်းစီမံချက်)နှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသို့ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးခင်ထွန်းက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ယခုလ ၁ ရက်နေ့မှစတင်ကာ ရက်ပေါင်း ၁၈၀ အတွင်း အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခြင်း လုပ်ငန်းစဉ်များကို ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်းဆောင်ရွက် သွား မည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရာ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့ရပ်ရွာအတွင်း မှန်ကန်သည့်လူဦးရေနှင့် အိမ်ထောင်စုစာရင်းများရရှိရေး ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများမှ မရှင်းလင်းသည့် အချက် အလက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြား ပေးခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သထုံ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၄)အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ စာရေး ဝန်ထမ်း များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။