ကျိုက်မရောမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ အသိပညာပေး Talk Show ပြုလုပ်

ကျိုက်မရော မေ ၁၃ ပြည်သူများ အသိပညာရရှိစေရန်နှင့် စာပေဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ" ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ခေါင်းစဉ်ဖြင့် အသိ ပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ စာဖတ်ခန်းမ၌ပြုလုပ်ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိူမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက မေလ၂၄ရက်နေ့တွင် ပြုလုပ်မည့် ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ခေါင်းစဉ်ဖြင့် ကျောင်းသား မိဘများနှင့် ကျောင်းသားကျောင်းသူများ အသိပညာရရှိစေရန်အတွက် ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကိုဆွေးနွေးပြောကြားကြောင်း သိရသည်။ ချိုမြတ်မြတ်ထွေး ( ပြန်/ဆက်)